2010     ပါဝါအရွေ့

    ယနေ့ကာလတွင် ဗမာပြည်နိုင်ငံရေး လက်ရှိအခြေနေကို ပြန်ပြောင်း ကြည့်ရှုပါက
စစ်အုပ်စု၏ ပိုမိုအရုပ်ဆိုးလာမှုနှင့် ပြည်သူလူထု၏ အတိဒုက္ခကိုသာ မီးမောင်းထိုးပြရပေမည်။
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူအကြား မှုလရှိပြီးသား အပ်ကြောင်းကို အကြီးမားဆုံး ပြိုကွဲ
သွားစေမည့် စစ်အုပ်စု၏ ၂၀၁၀ စိန်ခေါ်မှုနှင့် ငွေဖေါင်းပွမှုကြောင့်ဒုက္ခရောက်နေကြသော
ပြည်သူလူထု၏ ရွှေဝါရောင်အလွန်နာကျင်မှုတို့ပြင်းထန်စွာ ထိတ်တိုက်တွေ့ပြီး ပေါက်ကွဲမှုကြီး
တစ်ခု ဖြစ်လာနီုင်သော အခြေအနေကို ထပ်လောင်းပေါင်းစပ်ပါက ၂၀၁၀ သည် နိုင်ငံရေးတည်
်ငြိမ်မှု ပျက်ပြားပြီးအဆိုးရွားဆုံးသော အနေအထားဖြင့်စစ်အုပ်စု ရာဇပလ္လင်ပေါ်မှ ခွေးကျကျ
ကိန်းလည်း ရှိသွားနိုင်ပါသည်။

              အစွယ်ပြူးလာခြင်း

အတွေ့အကြုံသည်ပညာရှိခြင်း၏ ဖခင်ဖြစ်ပြီး အမှတ်သညာ၏ မိခင်ဖြစ်သည် ဟူသော ဆိုရိုးရှိခဲ့
ဘူးသည်။ စစ်အုပ်စုတွင်အာဏာတည်မြဲရေးအတွေ့အကြုံ ရာစုဝက်နီးပါးမျှရှိသည်။၇ ဂျူလိုင်
အရေးအခင်းမှစကာ ကျောင်းသားများကို ပစ်သတ် သမဂ္ဂအဆောက်အဦးကို ဗုံးခွဲဖျက်စီးပြီး
ဒါးဒါးချင်း လှံလှံချင်း ဟုစိန်ခေါ်လိုက်ကတည်းက အာဏာတည်မြဲရေးအတွက် အကြမ်းဖက်
နည်းတခုတည်းကိုသာ သုံးသော ဖက်ဆစ်ဖြစ်သည်ဟု ကြေငြာပြီးသားဖြစ်သည် ၇ ဂျူလိုင်မှ
အစ ရွှေဝါရောင် တော်လှန်ရေးအဆုံး အကြမ်းနည်းတစ်ခုတည်းဖြင့် အပြစ်မဲ့ပြည်သူလူထုကို
အနိုင်ယူခဲ့သည်။ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားခဲ့သော စောမောင်မှအပအောက်တက်မယ့် ဘယ်စစ်
အုပ်စု မဆို ဒီအတွေ့အကြုံကိုပဲ ဆက်ပြီးအသုံချဖို့များနေသည်။ဆက်ပြီးအကြမ်းဖက်လေလေ
ဘီလူးရုပ်အစွယ်ပြူးလာလေ ဖြစ်သည်။ ဒါပေမယ့်သူတို့ရဲ့ရည်ရွယ်ချက်က အစွယ်ဘယ်
လောက်ပြူးပြူး ပြည်သူကိုအနိုင်ရရေး အာဏာတည်မြဲရေး ပဲဖြစ်သည်။

 အတိဒုက္ခ
ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်၊  ပြည်တွင်းစစ်၊ တွင်အနိဋ္ဋာရုံနဲ့ချည်းသာ ကြုံတွေ့ခဲ့ရသော
အဆင်းရဲဆုံနီုင်ငံငယ်လေးထဲက  ပြည်သူတွေမှာတော့  ဖွံ့ဖြိုးတိုးတက်မှု၏ ချမ်းသာသုခတစုံ
တရာမှမခံစားရသေးပေ အဆိုးဆုံးက မိမိခြေထောက်ပေါ်မိမိ မရပ်တည်နိုင်သူစာရင်းကောက်
ကြည့် လျင်လူဦးရေ၏ ထက်ဝက်ခန့်အထိရှိနေနိုင်ခြင်းပင်ဖြစ်သည်။  ဒီကြားထဲငွေဖေါင်းပွ
မှုနှုန်းနှင့် တွကကြည့်ပါက  မိမိတို့နိုင်ငံသည်  ပြီုလဲနေသော  နိုင်ငံဖြစ်နေပေပြီ ။  ဗမာပြည်
ထဲက  ဘယ်မြို့ကိုပဲကြည့်လိုက် ကြည့်လိုက်  လ္ဘက်ရည်ဆိုင်၊ ဗွီဒီယိုရုံတို့တွင် ၊ လူတွေပြည့်နေ
ခြင်းနှင့် မှုးယစ်ဆေးဝါး ၊ လောင်းကစား တို့နှင့်ထွက်ပေါက်ရှာနေရခြင်းက  ထိုအချက်ကိုသက်
သေပြနေသည်ဒီကြားထဲဗမာပြည်သားသွားလေရာ နာဂစ် လိုက်လို့ရွာ  သဘာဝဘေးဒါဏ်က 
ထပ်သင့်လိုက်သေးသည်။  မင်းဆိုးမင်းညစ် အုပ်ချုပ်ချိန်တွင်  အကုသိုလ်တရားတွေ အကျိုး
ပေးသော  ကာလ၀ိကတ္တိဆိုက်ခြင်းပင်ဖြစ်သည်။  မျှော်လင့်ချက်ကင်းမဲ့ပြီး  အနာဂတ်မရှိသော
ဘ၀ကို  မျိုးရိုးစဉ်ဆက်ရင်ဆိုင်နေရခြင်းလောက် ကြောက်စရာကောင်းသော တိုင်းပြည်၏အနာ
ဂတ်ရှိမည်မထင်။
မှုလအက်ကြောင်း
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို  ဟုတ်နိုးနိုးဖြင့်စောင့်ကြည့်ခဲ့ကြသည်။  မှုကောင်းသည် လူ
မကောင်း ဟုလည်း  ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ဘူးသည်။  ၃၆နှစ်အကြာ  ကမ္ဘာ့အဆင်းရဲဆုံး
စာရင်းဝင် နိုင်ငံဖြစ်တော့မှသတိဝင်ပြီး ၈၈ အရေးတော်ပုံကြီးနှင့် ဖျက်သိမ်းပစ်ခဲ့သည်။  ၈၈
အရေးတော်ပုံကြီးက  အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်
ေ၇းကို ကြေငြာသည်။  ထပ်ဆင့်အာဏာသိမ်းလိုက်သောအခါ အာဏာရှင်စနစ်နှင့် ပါတီစုံဒီမို
ကရေစီစနစ်အကြား အတိအလင်း အက်ကြောင်းထင်သွားခဲ့သည်။
                 ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံရန်ကြိုးစားသော ဒီပဲယင်းလူသတ်ပွဲ နောက်
ပိုင်းမှာတော့ ဒီမိုကရေစီအင်အားစုတွေဘက်က ခံစစ်စည်းရိုးတွင် အချက်ပေး ခေါ်င်းလောင်း
သံတွေ ဆူညံသွားခဲ့လေသည်။အနာဂတ်ဒီမိုကရေစီအရေးအတွက် အဆင်သင့်ပြင်ဆင် ခဲ့ကြ
သည်။ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာတော်တွေ အင်အားစုအသစ်စုစည်းပါဝင်နိုင်ခဲ့ခြင်း
သည် ဒီပဲရင်းတွင် အောက်တစ်လှမ်းဆုတ်ခဲ့ရသည်ကို ရှေ့တစ်လှမ်းတုးပြလိုက်ခြင်းပင်ဖြစ်သည်။
အာဃာတတွေ သင်ပုန်းခြေခြင်းဖြင့် စစ်အုပ်စုနောက်လိုက်များအား တရားမျှတမှုကို သင်ကြား
ပေးပြီးမှရှေ့ဆက်တိုးသောခြေလှမ်းဖြစ်သည်။ ဒီတစ်ခါတော့ပွဲပြတ်ပြီဟု အများစုကယူစခဲ့ကြ
သည်။ NLD အော်ရုံသာအော်နိုင်သော ဒိုင်ယာလော့ ကို ၈၈ မျိုးဆက်က စစ်အုပ်စုပါးစပ်ထဲ
ကောက်ထည့်ပေးနိုင်ခဲ့သည်။
                  ဒါပေမယ့်အ၀ီစိသွားမယ့် ဖက်ဆစ်တွေက အကြီးမားဆုံးသော အာဃာတတွေ
ထပ်မံမွေးထုတ်ခဲ့ပြန်သည် ကတုတ်ကျင်းထဲမှာပဲ အသေခံတော့မယ့်သဘောဖြစ်သည်။ နေ
ပြည်တော်ကနေ အနုမြူဗုံး တောင်းဆိုနေသလားမသိ  ရွေဝါရောင်တော်လှန်ရေးကို အကြမ်း
ဖက်ဖြိုခွဲပြီဆိုကတည်းက လူထုဆန္ဒခံယူပွဲမကလို့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်ဖြစ် အဓမ္မ ဆက်
လုပ်တော့မည်ဆိုတာ သေချာသွားပြီဖြစ်သည်။ သေချာသည့်အတွက်စိန်ခေါ်ရဲခြင်းဖြစ်သည်။
အထူးသဖြင့်ဒီမိုကရေစီဘက်တော်သားတွေ အနှစ်နှစ်ဆယ်ကြာကိုင်စွဲခဲ့သော ငြိမ်းချမ်းရေး
လမ်းစဉ်အား ဖက်ဆစ်ဝါဒ က စိန်ခေါ်ခဲ့လေပြီ။
                                  ရွှေဝါရောင်အလွန်နာကျင်မှု
             ဘုန်းကြီးကျောင်းတွေကိုဝင်ရောက်စိးနင်း၍ ဘာသာရေးအထိုင်ကို ပါဆက်လက်
ဖျက်ဆီးနေသောအခါ အကြမ်းမဖက်နည်းတစ်ခုတည်းဖြင့် အာဏာရှင်စနစ်ဖျက်သိမ်းနိုင်ပါ့
မလား ဆိုသောမေးခွန်းပေါ်ထွက်လာခဲ့သည် နည်းလမ်းပေါင်းစုံအသုံးပြုရေး နည်းဗျူဟာ
ခေတ်စားလာခဲ့သည်။ လမ်းဟောင်းအတိုင်းလျှောက်ခဲ့သည့် မန်းဒိတ်ရပါတီ NLD သည်
လည်း ဝေဖန်ခံခဲ့ရသည်။ ယဉ်ကျေးသောကမ္ဘာကြီး၏ တရားမျှတသောအဆုံအဖြတ်ကိုလည်း
မေးခွန်းထုတ်ခဲ့ကြသည်။ နေအိမ်အကျယ်ချုပ်ထဲမှ အဆိုးဆုံးအတွက်ပြင်ဆင်ထားကြပါ
ဆိုသော လူထုခေါ်င်းဆောင်၏ စကားကိုလည်း သက်သေပြုခဲ့ကြသည်။ 
   နာဂစ်ကြောင့်ပြည်သူတစ်ရပ်လုံးဒုက္ခရောက်နေချိန်တွင် စစ်အုပ်စု၏စေတနာကင်းမဲ့သော
စီနံခန်ံခွဲမှုနှင့် ညံ့ဖျင်းစုတ်ပြတ်သောကူညီကယ်တင်ရေးအစီအစဉ်တို့က ပြည်သူကိုအထိနာ
စေသည့်အပြင် ဒီလိုအချိန်မျိုးမှာတောင်မှ လူထုဆန္ဒခံယူပွဲကို အဓမ္မကျင်းပခဲ့သဖြင့် ပြည်သူ
လူထုအားထွက်ပေါက်ပိတ်စေခဲ့ပြီး နာကျင်ကြေကွဲခဲံ့ရပေသည်။

                                             အခြေနေသစ်များ
          စစ်အုပ်စုကတော့ နည်းလမ်းဟောင်းအတိုင်းဆက်လက်ကျင့်သုံးမည်သာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်အခြေနေပဲေ၇ာက်ရောက် လွှတ်ပေးမည်မဟုတ်ပေ NLD
ပါတီနှင့် 90 ရလဒ်ကိုလည်း 2010 တွင်အပြီးဖျက်သိမ်းရန် ကြိုးစားနေပေပြီ။ လူထုအုံကြွမှု
ဖြစ်လျင်လည်း အကြမ်းဖက်ဖြိုခွင်းပြီး လုံခြုံရေးကောင်စီမှ အရေးယူဖျက်လျင်သော်မှ
အသေခံခုခံသွားမည်သာဖြစ်သည်။
                      ဒါပေမယ့်တခုသတိထားရမှာက ပစ်ခတ်နှိမ်နှင်းပြီး အကြမ်းဖက်ဖြိုခွဲခံရသည့်
တိုင်အောင် လူထုအုံကြွမှုတွေရပ်မသွားပဲ တစ်ခုထက်တစ်ထု ပမာဏကြီးမားလာခြင်းနှင့် အမျိုး
အစားသစ်များပိုမိုပါဝင်လာခြင်းဖြစ်သည်။ သည်အချက်ကအနာဂတ်မရှိသောဘ၀ကို ရွံ့ရှာစွာရင်
ဆိုင်နေရသော မျိုးဆက်ဟောင်းများ၏ အနစ်နာခံတော်လှန်နိုင်စွမ်းကို သက်သေပြနေသည်။
သူတို့၏ပါးစပ်ဖျားတွင် စစ်အုပ်စု၏မှုဝါဒကို ပြောင်လှောင်သရော်ချက်များ အမြဲတမ်းကြားနေရ
သဖြင့် ခေတ်ပညာတက်မျိုးဆက်သစ်တွေက မျက်စိပွင့်နားပွင့် လျင်မြန်ဖျက်လတ်စွာ ၀ါဒဖြန့်
နိုင်စွမ်းပိုမိုကြီးမားလာခဲ့သည်။ နိုင်ငံရေးနိုးကြားတက်ကြွမှု မြင့်မားလောသောကြောင့် ရွေဝါရောင်
တော်လှန်ရေးတွင် IT နည်းပညာဖြင့် တကမ္ဘာလုံးက တွေ့မြင်ကြားသိခဲ့ရသည်။ အမျိုးသားပြန်
လည်သင့်မြတ်ရေးနှင့်တွေ့ဆုံဆွေးနွေးရေးကို အငြိမ်းချမ်းဆုံသော နည်းဖြင့်တောင်းဆိုပြဌာန်း
သော ရွေဝါရောင်တော်လှန်ရေးက Road map ၇ခုနှစ်ချက်ကိုချေဖျက်ပြစ်နိုင်ခဲ့သည်။
                    နောက်ရွေးကောက်ပွဲတင် စစ်အုပ်စု၏ လက်ကိုင်တုတ် ပါတီတခုခု အနိုင်ရသွားပြီး
ဒီမိုကရေစီမျှော်လင့်ချက်များ ကုန်ဆုံးသွားမည့် အနေအထားကို လက်ခံနိုင်မည့်သူသည် စစ်
အုပ်စု တစ်ခုတည်းမှာသာရှိပေလိမ့်မည်။ လည်ကောင်းပြသာနာကိုအဓိကရင်ဆိုင်ဖြေရှင်းရမည်
မှာလည်း 90 ရွေးကောက်ပွဲအနိုင်ရ NLD ပါတီပင်ဖြစ်ပြီး အကျိုးဆက်ကို ခံစားရမှာက အနာဂါတ်
မျိုးဆက် ဖြစ်နေသောကြောင့် ဒီမိုကရေစီ လိုလားသူတိုင်းအတွက် တာဝန်ရှိနေသည့်သဘော
ဖြစ်သည်။ လွတ်မြောက်လိုသူတိုင်းက တိုက်ပွဲမျက်နှာစာ အသီးသီးကို ရင်ဆိုင်ရပေတော့မည်။
                       ထိုအခြေနေကိုသုံသပ်မိသောကြောင့်စစ်အုပ်စုက နီးကပ်လျင်မြန်စွာ လက်
ဦးမှုရယူခြင်းသာဖြစ်သည်၊ စစ်ဘီလူးက ဒီမိုကရေစီတစ္ဆေကြောက်လေပြီ။
                                               ခွေးကျကျကိန်း
             ငြိမ်းခါနီးဆီမီး အရောင်ပိုတောက်သလို ဂက်(စ) တန်ခိုးဖြင့်နေပြည်တော်ကြီး ဟီးနေ
အောင် တည်ပြီုးပြီ။ စိန်ပန်းတွေ ဆင်မြန်းပြီးသဖြင့် ငရဲပန်း ဆင်မြန်းချိန် လည်းနီးကပ်လာပြီ
၉၀ ရလာဒ်အား မသိချင်ရောင်ဆောင်ခဲ့ပြီး ၂၀၀၈ လူထုဆန္ဒခံယူပွဲအား ထပ်လိမ်လိုက်ပြန်သ
ဖြင့် လူထုကလည်း ၂၀၁၀ တွင် အလိမ်ခံတော့မည်မဟုတ်။ အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့်
ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့မှာ ၈လေးလုံး အရေးတော်ပုံကြီး၏ အမျိုးသား
ရေး ပြဌာန်းချက်ဖြစ်သဖြင့် ၂၀၁၀ စစ်ကျွန်ပြုရေး ကြိုးပမ်းမှုကိုလည်း တမျိုးသားလုံးက လက်
ခံမှာမဟုတ်။ ဒိုင်ယာလော့လုပ်ပါမည်ဆိုပြီး ပါးစပ်က ဘုရားဘုရား လက်ကကားယာကားယား
လုပ်ခဲ့ခြင်းကြောင့် ဟန်ဆောင်ဒိုင်ယာလော့ကိုလည်း လုပ်၍မရတော့ ယဉ်ကျေးသောကမ္ဘာ၏
တရားမျှတသောအဆုံအဖြတ်သည်လည်း မေးခွန်းထုတ်ခံရပါများသဖြင့် လမ်းဟောင်းအတိုင်း
သွားခွင့်မသာတော့။ အဆိုးဆုံးအတွက်ပြင်ဆင်ထားကြပါဆိုသော အမျိုးသားခေါင်းဆောင်၏
လုပ်ငန်းစဉ်မှုဝါဒကလည်။ အကြမ်းဖက် ဖက်စစ်ဝါဒကို ရင်ဆိုင်ယှဉ်ပြိုင်နေပြီဖြစ်သဖြင့် စစ်
အုပ်စု ခွေးကျကျကိန်းဆိုက်ပေတော့မည်။
          ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည်ကား စစ်ဘီလူးအစွယ်အပြူးဆုံးအချိန် ပြည်သူ
လူထု၏ အတိဒုက္ခ အကြီးမာဆုံးအချိန် နာကျင်မှု အများဆုံးသောအချိန် တို့တွင် နိုင်ငံရေးမတည်
ငြိမ်မှု အကြီးမားဆုံး အဆိုးရွားဆုံး ဖြစ်ပေါ်လာနိုင်ပြီး ကြီးမားသောအင်အား အဟုန်ဖြင့် စစ်အုပ်
စုအားဖယ်ရှားမောင်းနှင်တော့မည်ဖြစ်ပါသတည်း။
                                                                    ၁၆. ၇ . ၂၀၀၈
                                                                     သန်းဦးမြင့်